ကန်စစ်တပ်သည် ၂ ရက် ဆက်တိုက် ဆီးရီးယားမှ ရေနံ ခိုးယူ

(GMT+08:00)2022-10-01 13:17:35  

    ဒေသစံတော်ချိန် စက်တင်ဘာလ ၂၉ရက်နေ့တွင် အမေရိကန် တပ်ဖွဲ့သည် ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်အဖွဲ့၏ အကူအညီဖြင့် ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသမှ ရေနံကို ထပ်မံ ခိုးယူပြီး ရေနံတင်ကား ၁၄ စီးဖြင့် ခိုးယူလာသော ရေနံကို အီရတ် နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း တရားမဝင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား ၈၅ စီးဖြင့် ခိုးယူလာသော ရေနံကို အီရတ်ပြည်တွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆီးရီးယား အမျိုးသား သတင်းဌာနက ဖော်ပြသည်။