မွန်းလွဲပိုင်းတွင် အိပ်နည်းသစ်ကို ရှန်းကျန့်မှ စာသင်ကျောင်းများ ဤကဲ့သို့ လုပ်သည်

(GMT+08:00)2022-10-01 13:13:46  

မကြာခင်ရက်များက တရုတ်နိုင်ငံ ရှန်းကျန့်မြို့ နန်ရှန်းရပ်ကွက်မှ စာသင်ကျောင်း တစ်ကျောင်းတွင် မွန်းလွဲပိုင်းတွင် ကလေးများ စားပွဲပေါ်မှာ လိမ်ပြီးအိပ်သည့်အစား ပက်လက်လဲလျောင်းပြီး အိပ်စေကာ ကောင်းကောင်းအနားယူစေသည့်အတွက် ကလေး များ၏ မိဘများနှင့် အင်တာနက်သုံးသူများက ချီးကျူးကြသည်။

  မွန်းလွဲပိုင်းအနားယူမှုသည် ကျောင်းသားများနှင့် ၄င်းတို့၏ မိဘများအတွက် ပြဿနာ တစ်ခု ဖြစ်မြဲဖြစ်နေသည်။ မွန်းလွဲပိုင်းတွင် အိမ်ပြန်ရန် ဝေးသည်။ ထို့ကြောင့် အစိုးရကျောင်းများတွင် ပက်လက်လဲလျောင်းပြီး အိပ်နိုင်သောစားပွဲနှင့် ကုလားထိုင်များကို အသုံးပြုရန် ရှန်းကျန်းမြို့မှ မိဘဖြစ်သူအချို့က အကြုံပြုခဲ့သည်။ ရှန်းကျန့်မြို့ ပညာရေးဌာနက စမ်းသပ်မှု ပြုလုပ်ပြီး မွန်းလွဲပိုင်းအနားယူမှု အဆောက်အဦများကို သုတေသနပြုကာ အသုံးပြုရန် တွန်းအားပေးမည်ဟု တုံ့ပြန် ပြောဆိုသည်။