ရှီကျင့်ဖိန်သည် C919 အကြီးစားခရီးသည်တင်လေယာဉ် စီမံကိန်းအဖွဲ့မှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး စီမံကိန်းအောင်မြင်မှုများ ပြပွဲသို့ သွားရောက်ကြည့်ရှု

(GMT+08:00)2022-10-01 13:11:29  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် C919 အကြီးစား ခရီးသည်တင် လေယာဉ် စီမံကိန်း အဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ယင်းစီမံကိန်း အောင်မြင်မှုပြပွဲကို သွားရောက် ကြည့်ရှုကာ C919 အကြီးစားခရီးသည်တင်လေယာဉ်ထုတ်လုပ်ခြင်းတာဝန် အဆင့်ကဏ္ဍ တစ်ခုတွင် အောင်မြင်မှု ရရှိခြင်းအပေါ် အပြည့်အဝ အတည်ပြုခဲ့ပါသည်။

ရှီကျင့်ဖိန်က သော့ချက်ကျသည့် ဗဟိုပြုနည်းပညာများကို အာရုံစိုက်ပြီး အဓိက ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဆက်လက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှုကို ထိပ်ဆုံး နေရာထားပြီး ဖြစ်နိုင်သော လုံခြုံရေး ဆိုင်ရာ အန္တရာယ် အားလုံးကို ဖယ်ရှားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။