တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၃) နှစ်ပြည့် ဂုဏ်ပြုရန်အတွက် နိုင်ငံတော် ကောင်စီက အမျိုးသားနေ့ ဧည့်ခံပွဲ ကျင်းပ

(GMT+08:00)2022-10-01 13:12:44  

စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် တရုတ်နိုင်ငံတော်ကောင်စီသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၃ နှစ်ပြည့် ဂုဏ်ပြုသည့် အနေဖြင့်  ပြည်သူ့ ခန်းမဆောင်ကြီးတွင် အမျိုးသားနေ့ ဧည့်ခံပွဲကို ကျင်းပပြီး သမ္မတ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော်  ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် ၅၀၀ နီးပါးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ပြည်တွင်းပြည်ပဧည့်သည်တော်များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၃) နှစ်ပြည့်ကို ဂုဏ်ပြုကြကြောင်း၊ တရုတ်နိုင်ငံ သာယာဝပြောပြီး ပြည်သူများ ချမ်းသာ ပျော်ရွှင်ကာ တရုတ်ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများကြား ချစ်ကြည်ရေး ထာဝရ အဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပါသည်။