ကျူးဘား၌ ဟာရီကိန်းIanသည် လှိုင်းကြီး သယ်ဆောင်လာ

(GMT+08:00)2022-09-30 15:17:21  

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၉ရက်နေ့က ဟာရီကိန်းIanသည် ကျူးဘားနိုင်ငံကို ဖြတ်ကျော်ခဲ့ပြီး လေပြင်းသည် လှိုင်းကြီးများကို သယ်ဆောင်လာခဲ့ပါသည်။ ဟာရီကိန်း Ianကြောင့် ကျူးဘားနိုင်ငံ၌ လျှပ်စစ်ဓါတ်အားပြတ်တောက်စေခဲ့ပါသည်။ အာဏာပိုင် များသည် လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးကို ဖြည်းဖြည်းချင်း ပြန်ပေးနေပါသည်။ ကျူးဘားနိုင်ငံ အချို့ဒေသများ၌ လျှပ်စစ်ဓါတ်အား ပြန်လည် ရရှိပြီး Havanaမြို့တော်မှ ဒေသအများစု၌ လျှပ်စစ်ဓါတ်အား ၂၄နာရီကြာ ပြတ်တောက်ပြီးနောက် မီးပြန်လည် မရရှိသေးကြောင်း သတင်းရရှိပါသည်။