တရုတ်နှင့် အာဂျင်တီးနားသည် ထွန်းသစ်စ ဈေးကွက်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာ စိုက်ထူ

(GMT+08:00)2022-09-30 15:11:57  

ယခုလ ၂၈ ရက်နေ့ညကတရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဂျင်တီးနား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အဆင့်မြင့်ဖိုရမ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ရာ

လွန်ခဲ့သည့် ရာစုနှစ်ဝက်ကျော်အတွင်းနှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုမှ စိန်ခေါ်မှုများကို ခံနိုင်ခဲ့ပြီးထွန်းသစ်စ ဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အတွက် စံနမူနာ တစ်ခု ဖြစ်လာကြောင်း၊ဖိုရမ်သည်တရုတ်-အာဂျင်တီးနား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ဖို့ တွန်းအားပေး၍ ခေတ်ကာလသစ်  တရုတ်-လက်တင် အမေရိက ကံကြမ္မာတူ အသိုက်အဝန်းနှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေး အတွက် အကျိုးပြု စွမ်းဆောင်မှုကို ပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။အာဂျင်တီးနား နိုင်ငံ သမ္မတ Alberto Fernandezက ဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ရာ နှစ်နိုင်ငံတို့သည်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အာဂျင်တီးနား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အတွက်တွန်းအားပေးကာနှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာသုခ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမို များပြားသော အကျိုးပြုမှုကို စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

ယခုနှစ်သည် တရုတ်-အာဂျင်တီးနား အကြား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့်နှစ်၅၀ ပြည့်နှစ်ဖြစ်သည်။ နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့်နှစ်၅၀ ပြည့်မြောက်ခြင်း ဂုဏ်ပြုသည့် အနေဖြင့်တရုတ်-အာဂျင်တီးနား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုနှစ်၏ အရေးကြီး လှုပ်ရှားမှု တစ်ခု ဖြစ်သည့် ယခုအကြိမ် ဖိုရမ်ထံသို့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အသီးသီး ပေးပို့ခြင်းသည် ခေတ်ကာလသစ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အပေါ် ခေါင်းဆောင်၂ဦးတို့၏ လွန်စွာ အလေးထားခြင်းနှင့် တရုတ်-အာဂျင်တီးနား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုနက်ရှိုင်းစေရေးနှင့် နှစ်နိုင်ငံ အကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ခေါင်းဆောင်၂ဦး၏ မဟာဗျူဟာမြောက် ဦးဆောင်မှုကိုအပြည့်အဝ ပြသနေသည်။

တရုတ်နှင့် အာဂျင်တီးနား နှစ်နိုင်ငံ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ ဆိုင်ရာ အကျိုးစီးပွား အပေါ် တစ်နိုင်ငံက ခိုင်မာပြတ်သားစွာ အားပေးထောက်ခံခြင်း ဖြစ်သည်။ ယင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် အဓိက ပေါင်းကူးတံတား ဖြစ်သည်။

တစ်ချိန်တည်းတွင် နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံ ပြည်သူများအား အကျိုးစီးပွားများစွာ ခံစားရရှိစေခဲ့သည်။ ၂၀၂၁ခုနှစ်တွင် တရုတ်ပြည်သည် အာဂျင်တီးနား၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် အဆင့်နေရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ဖက်တို့သည် Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ အပါအဝင် သဘောတူ စာချုပ်စာတမ်း ၁၀ခုကျော်ကို ချုပ်ဆိုခဲ့ကြသည်။

ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် နည်းယူလေ့လာခြင်းနှင့် ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်ခြင်းသည် တရုတ်-အာဂျင်တီးနား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်အတွက် မကုန်ခန်းနိုင်သော တွန်းအား တောက်လျှောက်ဖြစ်သည်။ ယင်းအတွက် မီဒီယာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်။ နှစ်နိုင်ငံ မီဒီယာများသည် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကာကွယ်သူ၊ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးသူနှင့် တရုတ်-အာဂျင်တီးနား ချစ်ကြည်ရေးကို ဖြန့်ချိသူ ဖြစ်သင့်သည်။