China Media Groupမှ ဘာသာမျိုးစုံဖြင့် “Jie Ma Shi Nian”မှတ်တမ်းတင်ကားကို ထုတ်ပြန်

(GMT+08:00)2022-09-30 15:11:17  

စက်တင်ဘာလ ၃၀ရက်နေ့က China Media Groupမှ ရိုက်ကူးထားသော ဘာသာမျိုးစုံဖြင့် “Jie Ma Shi Nian”မှတ်တမ်းတင်ကားထုတ်ပြန်ပွဲ အခမ်းအနားကို ပီကင်းတွင် ကျင်းပသည်။ တရုတ် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Groupဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ရှင့်ဟိုင်ရှုန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၎င်းမှတ်တမ်းတင်ကားကို အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်နှင့် ရုရှားစသည့် ဘာသာမျိုးစုံဖြင့် ထုတ်ပြန်ပြီး လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တရုတ်ပြည် ရရှိခဲ့သည့် ထူးချွန်သောအောင်မြင်မှုများကို ၄င်းမှတ်တမ်းတင်ကားတွင် ဖော်ပြသည်။

စက်တင်ဘာလ ၃၀ရက်နေ့ မှစ၍ ၄င်းမှတ်တမ်းတင်ကားကို CGTN လက်အောက်ခံ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်နှင့် ရုရှားဘာသာ ချန်နယ်များတွင် ရှေ့ဆင့်နောက်ဆင့် ထုတ်လွှင့်မည် ဖြစ်ပြီး CGTN၊ CRI Online နှင့် cctv.com စသည့် ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက် မီဒီယာအကောင့်များတွင်လည်း ဘာသာမျိုးစုံဖြင့် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။