ရှီကျင့်ဖိန်နှင့် အခြား နိုင်ငံနှင့် ပါတီ ခေါင်းဆောင်များသည် အာဇာနည်နေ့တွင် ပြည်သူ့ သူရဲကောင်းများအား ပန်းခြင်းများဖြင့် ဂုဏ်ပြု

(GMT+08:00)2022-09-30 15:10:01  

စက်တင်ဘာလ ၃၀ ရက်နေ့သည် တရုတ် ဥပဒေတွင် သတ်မှတ်ထားသော အာဇာနည်နေ့ ဖြစ်သည်။ ထိုနေ့နံနက်ပိုင်းက အာဇာနည်နေ့ ပြည်သူ့သူရဲကောင်းများအား ပန်းခြင်းချ ဂါရ၀ပြုပွဲ အခမ်းအနားကို ပီကင်း ထျန်းအန်းမင် ရင်ပြင်ကြီး၌ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့သည်။ ရှီကျင့်ဖိန်နှင့် အခြားသော နိုင်ငံနှင့် ပါတီ ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များသည် ယင်းအခမ်းအနားသို့ တက်ရောက်ပြီး အာဇာနည်များကို လွမ်းဆွတ်တမ်းတကာ တရုတ်နိုင်ငံအမည်ဖြင့် သူရဲကောင်းများအား ဂုဏ်ပြုကြသည်။

       ၂၀၁၄ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံသည် နှစ်စဉ် စက်တင်ဘာလ ၃၀ ရက်နေ့ကို အာဇာနည်နေ့အဖြစ် ဥပဒေတွင် သတ်မှတ်ခဲ့သည်။ ထိုနေ့တွင် တရုတ်နိုင်ငံအမည်ဖြင့် အာဇာနည်အမှတ်တရလှုပ်ရှားမှုများကို ပြုလုပ်ပြီး သူရဲကောင်းများကိုဂုဏ်ပြုကာ သူရဲကောင်းများ၏ စိတ်ဓာတ်ကို အမျိုးသား တစ်ရပ်လုံးအား ထာဝရ မှတ်သားစေသည်။ ၂၀၁၈ ခုနှစ် ဧပြီလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သူရဲကောင်းအာဇာနည်များ ကာကွယ်ရေးဥပဒေကို တရားဝင် အတည်ပြုပြီး နှစ်စဉ် စက်တင်ဘာလ ၃၀ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ သူရဲကောင်းအာဇာနည်များကို အထိမ်းအမှတ်ပြုရန်အတွက် ပီကင်းမြို့ ထျန်းအန်းမင် ရင်ပြင်ကြီးရှိ ပြည်သူ့သူရဲကောင်းများအထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် အမှတ်တရအခမ်းအနား ပြုလုပ်သည်။