ပိုက်လိုင်းများပျက်စီးမှု ပြုပြင်နိုင်ခြင်း ရှိ မရှိ မဆုံးဖြတ်နိုင်ဟု North Stream စတော့ရှယ်ယာကုမ္ပဏီ ဆို

(GMT+08:00)2022-09-30 15:17:55  

ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က North Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတော့ရှယ်ယာကုမ္ပဏီ Nord Stream AG ကုမ္ပဏီ က "Nord Stream-1" နှင့် "North Stream-2" သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဖယ်ရှားပြီးနောက် ပျက်စီးမှု အတိုင်းအတာကို ချက်ချင်းစုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများသည် ရက်သတ္တပတ်များစွာ ကြာမြင့်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလ ၂၆ ရက်နေ့က ရုရှားမှ ဥရောပသို့ သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ပေးသည့် "Nord Stream-1" နှင့် "North Stream-2" ပင်လယ်ရေအောက်ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ၃ နေရာသည် ယိုစိမ့်မှုဖြစ်ပွားခဲ့သည်ဟု  သတင်းအရသိရသည်။