အစ္စရေးတပ်ဖွဲ့သည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း၌ ပါလက်စတိုင်းလူမျိုး ၃ဦးကို ပစ်သတ်

(GMT+08:00)2022-09-29 12:07:58  

စက်တင်ဘာလ ၂၈ ရက်နေ့က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းJenin မြို့၌ ပါလက်စတိုင်းမှ ကန့်ကွက်သူများသည် အစ္စရေးတပ်ဖွဲ့နှင့် အချင်းပွားမှု ဖြစ်ပွားခဲ့ပါသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က အစ္စရေးတပ်ဖွဲ့သည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းJeninမြို့၌ ပါလက်စတိုင်းလူမျိုး ၃ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ယခုတလော အစ္စရေးတပ်ဖွဲ့သည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းရှိ ဒေသများစွာ၌ ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုဆောင်ရွက်နေပြီး ဒေသခံ ပါလက်စတိုင်းလူမျိုးနှင့် အချင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ထိုနေ့တွင် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။