ရှီကျင့်ဖိန်နှင့် ဂျပန်ဝန်ကြီးချုပ် Fumio Kishidaသည် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာသည့် နှစ် ၅၀ ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-09-29 14:29:06  

ယခုလ ၂၉ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန် ဝန်ကြီးချုပ် Fumio Kishidaသည် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာသည့် နှစ် ၅၀ ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍  ဂုဏ်ပြုသဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ဂျပန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာ အလေးထားပြီး ဝန်ကြီးချုပ် Fumio Kishidaနှင့် အတူ နှစ်နိုင်ငံတို့အား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာသည့် နှစ်၅၀ပြည့်မြောက်ခြင်းကို အခွင့်ကောင်း တစ်ခု အဖြစ် ယူပြီး ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေစေကာ ခေတ်ကာလသစ် လိုအပ်ချက်များနှင့် ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံရေးကို တည်ဆောက်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် ဦးဆောင်လိုကြောင်း ဖော်ပြသည်။

Fumio Kishidaက ဂျပန်နိုင်ငံသည် တရုတ်ပြည်နှင့် အတူ လာမည့်နှစ်ပေါင်း ၅၀ကို ရှေးရှုကာ  အပြုသဘောဆောင်ပြီး တည်ငြိမ်သော ဂျပန်-တရုတ် ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ပူးတွဲမြှင့်တင်ရန် တွန်းအားပေးလိုကြောင်း ဖော်ပြသည်။

ထိုနေ့တွင်ပင် တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခေ့ချန်သည်လည်း Fumio Kishidaနှင့် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့သည်။