တရုတ်-အာဂျင်တီးနား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အဆင့်မြင့်ဖိုရမ်ကို ပီကင်းမြို့၌ ကျင်းပ

(GMT+08:00)2022-09-29 12:07:35  

စက်တင်ဘာလ ၂၈ရက်နေ့က တရုတ်-အာဂျင်တီးနား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အဆင့်မြင့်ဖိုရမ်ကို ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယင်းဖိုရမ်သည် China Media Group နှင့် အာဂျင်တီးနား အများပြည်သူမီဒီယာ နိုင်ငံတော်အတွင်းဝန်ရုံးတို့ ပူးတွဲကြီးမှူး ကျင်းပခြင်းဖြစ်ပြီး တရုတ်-အာဂျင်တီးနား သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြုရန်ဖြစ်ကာ ၂၀၂၂ခုနှစ် တရုတ်-အာဂျင်တီးနား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုနှစ်၏ အရေးကြီးလှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ ယခုအကြိမ် ဖိုရမ်၏ဆောင်ပုဒ်မှာ “မီဒီယာများ ကူးလူးဖလှယ်ရေးကို နက်ရှိုင်းစေပြီး ပြည်သူများ၏ သုခချမ်းသာမှုကို အတူရှာကြံကြခြင်း”ဖြစ်ပါသည်။ တရုတ်၊ အာဂျင်တီးနား နှင့် အခြား လက်တင်အမေရိကနိုင်ငံများမှ အစိုးရအရာရှိများနှင့် မီဒီယာဌာနများမှ ကိုယ်စားလှယ် ၁၀၀ ကျော်တို့သည် online နှင့်offline နည်းလမ်းများဖြင့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ပြန်ကြားရေး ဝန်ကြီး ဟွမ်ခွင်မင်းသည် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားနိုင်ငံသံအမတ်ကြီး Gustavo SabinoVacaNarvaja သည် အာဂျင်တီးနားနိုင်ငံသမ္မတ Fernández၏ ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။