“သူလျှိုကိစ္စ”ကြောင့် ရုရှားနှင့် ဂျပန်အကြား အငြင်းပွားမှုဖြစ်ပွား

(GMT+08:00)2022-09-29 12:07:04  

ရုရှားပြည်ထောင်စုလုံခြုံရေးဌာနက မိမိဌာနအနေဖြင့် အများပြည်သူ ဖြန့်ချိခြင်းကို ကန့်သတ်သည့် သတင်းအချက်အလက်ကို ရယူရန် ကြံစည်သည့် ဗလာဒီဗိုစတော်မြို့ အခြေစိုက် ဂျပန်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာလ ၂၆ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောကြေညာချက်တွင် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလ ၂၆ရက်နေ့က ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီးကို ခေါ်ယူတွေ့ဆုံခဲ့ရာ ဗလာဒီဗိုစတော်မြို့အခြေစိုက် ဂျပန်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်တစ်ယောက်မှ ကောင်စစ်ဝန်ရာထူးနှင့် မကိုက်ညီသော ရုရှားနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်သည့်လုပ်ရပ် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဂျပန်ဘက်အား အကြောင်းကြားသည့်အပြင် ၄င်းအား ၄၈ နာရီအတွင်း ရုရှားနိုင်ငံမှ ထွက်ခွာရန်လည်း တောင်းဆိုကြောင်း ဖော်ပြခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသည် အလေးအနက် ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပါသည်။