ဟာရီကိန်း Ian အမေရိကန်သို့ ဝင်ရောက်

(GMT+08:00)2022-09-29 12:08:17  

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဟာရီကိန်းမုန်တိုင်း "Ian" သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် အနောက်တောင်ဘက် ကမ်းရိုးတန်းအနီးတွင် အဆင့် ၅ နီးပါးရှိ အင်အားဖြင့် ဝင်ရောက်ခဲ့ပါသည်။

"Ian"သည် အလွန်အန္တရာယ်များသည်ဟု အမေရိကန်နိုင်ငံ အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ "Ian"ကြောင့် ဖလော်ရီဒါတွင် နေရာအနှံ့ ဓာတ်အားပြတ်တောက်မှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားရန် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။