ကန် Philadelphia မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း ပြင်ပတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

(GMT+08:00)2022-09-28 13:39:49  

စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Philadelphia မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းပြင်ပတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ၁ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ယခုအထိ မည်သည့်သံသယရှိသူကိုမှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံ ရဲဘက်က ပြောကြားခဲ့ပါသည်။

အမေရိကန် Gun Violence Archive (GVA) ဝက်ဘ်ဆိုက်၏ နောက်ဆုံးထုတ် စာရင်းအရ ယခုနှစ်တွင် အမေရိကန်နိုင်ငံ၌ လူ၃သောင်း၃ထောင်ခန့် သေနတ်အကြမ်းဖက် မှုကြောင့် သေဆုံးခဲ့ပြီဖြစ်ပါသည်။