နောက်ထပ်အသေးစိတ်အချက်အလက်များထုတ်ဖော်ခြင်းကြောင့် NSA၏ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် လျှို့ဝှက်ချက် ခိုးယူခြင်း လုပ်ရပ်ကို ငြင်းကွယ်၍ မရ

(GMT+08:00)2022-09-28 13:21:36  

ယခုလ ၂၇ရက်နေ့က တရုတ် အမျိုးသားကွန်ပျူတာဗိုင်းရပ်စ် အရေးပေါ် တုံ့ပြန် ဖြေရှင်းရေး စင်တာနှင့် 360 ကုမ္ပဏီတို့သည် Northwestern Polytechnical တက္ကသိုလ် အပေါ် ပြည်ပမှ ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဒုတိယမြောက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ၄င်းအစီရင်ခံစာတွင် အမေရိကန် NSAလက်အောက်ခံ Office of Tailored Access Operations(TAO)သည် Northwestern Polytechnical တက္ကသိုလ် အပေါ် ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်ပေါင်း ၁ ထောင်ကျော်ကို ပြုလုပ်သည့် ပိုမိုများပြားသော အရေးကြီး အသေးစိတ် အချက်အလက်များကို ဖော်ထုတ်ခဲ့သောကြောင့် သူခိုးလူလူဟစ် အမြဲပြုလုပ်တတ်သော အမေရိကန်သည် ၄င်း၏ဆိုက်ဘာတိုက်ခိုက်မှုနှင့် လျှို့ဝှက်ချက် ခိုးယူခြင်း လုပ်ရပ်ကို မည်သို့မျှ ငြင်းကွယ်၍ မရပေ။

၎င်းနောက်ဆုံးထုတ် အစီရင်ခံစာတွင် TAOမှ Northwestern Polytechnical တက္ကသိုလ် အပေါ် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာ၌ တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံများအပေါ် ထိုးဖောက် စိမ့်ဝင်မှုနှင့် ထိန်းချုပ်မှုကို ပြုလုပ်ခြင်းဖြင့် တရုတ် သုံးစွဲသူများ၏  ကိုယ်ရေးအချက်အလက်များကို ခိုးယူကာ ထိလွယ်ရှလွယ်သူများ၏ အချက်အလက်များကို တရားမဝင် စူးစမ်းလေ့လာခဲ့ကြောင်း ဖော်ပြသည်။

အမေရိကန်သည် ဆိုက်ဘာခိုးယူမှုတွင် အချိန်ကြာမြင့်စွာ ပါဝင်ပတ်သက်နေသည်မှာ ပွင့်လင်းသောလျို့ဝှက်ချက်တစ်ခုဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်ကျော်အတွင်း NSAသည် တရုတ်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၄၇ ခုတွင် ပစ်မှတ် ၄၀၃ခု အပေါ် ဆိုက်ဘာတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကြောင်း ယခုနှစ်တွင် တရုတ် အင်တာနက် လုပ်ငန်းမှ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြသည်။

သက်ဆိုင်ရာတရုတ်အေဂျင်စီမှထုတ်ပြန်သော စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် ခိုင်မာသော အထောက်အထားများကို အသုံးပြုပြီး Northwestern Polytechnical တက္ကသိုလ်အား NSAမှ ဆိုက်ဘာတိုက်ခိုက်မှု၏လမ်းကြောင်း၊ အချိန်နှင့် အမှားများကို သေသေချာချာ ပြန်လည်ဖော်ထုတ်ပြီး တိုက်ခိုက်သူ ၁၃ ဦး၏ စစ်မှန်သည့် အချက်အလက်များ ကိုလည်း ဖော်ထုတ်ပြသခဲ့သည်။ ယင်းသည် အမေရိကန်၏ ဆိုက်ဘာနယ်ပယ်မှ ဗိုလ်ကျစိုးမိုးရေး ကျင့်သုံးခြင်းကို အားကောင်းသော တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ဤစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ၏ အခြားအရေးပါမှုမှာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ့ သဘောထားအမြင်တွင် အမေရိကန်၏ အမှားနှင့် အမှန်ကို ကပြောင်းကပြန်ဖြစ်အောင် ရွံရှာဖွယ်လုပ်ရပ်ကို ဖွင့်ချဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် တစ်ဖက်က ကမ္ဘာ့ထိပ်တန်း ဆိုက်ဘာနည်းပညာကို အလွဲသုံးစားပြီး အတိုင်းအတာ ကြီးမားသော စောင့်ကြည့်မှုနှင့် လျို့ဝှက်ချက် ခိုးယူမှုများကို လုပ်ဆောင်သည်၊ နောက်တစ်ဖက်ကတော့ "သားကောင်"အဖြစ် ဟန်ဆောင်ကာ "တရုတ်ဟက်ကာ"ဆိုသည်ကို နာမည်ဖော်ပြခြင်းလှည့်ကွက်အား အသုံးပြုကာ မဟာမိတ် နိုင်ငံများကို စုစည်းပြီး တရုတ်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သည်ဟု သားပုပ်လေလွင့်ပြောဆိုခဲ့ကြသည်။

ဆိုက်ဘာလုံခြုံရေးကို ထိန်းသိမ်းရာတွင် စံချိန်၂မျိုး မကျင့်သုံးသင့်ပါ၊ မိမိနိုင်ငံ၏ အကြွင်းမဲ့လုံခြုံရေး အတွက် အခြားနိုင်ငံများ၏ လုံခြုံရေးကို အသုံးချ၍ မရပေ။ အမေရိကန်သည် တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရမည် ဖြစ်သည်။