ရှီကျင့်ဖိန်သည် ရုရှား Izhevskမြို့ စာသင်ကျောင်း သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပူတင်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-09-28 10:58:40  

   ရုရှား Izhevskမြို့ စာသင်ကျောင်း သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသမ္မတ ပူတင်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

    ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စားလည်းကောင်း၊ မိမိ အနေနှင့် လည်းကောင်း ကွယ်လွန်သူများအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲမိကြောင်း၊ ကျန်ရစ်သူမိသားစုများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း ဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။