ရှီကျင့်ဖိန်သည် “ခေတ်သစ်သို့ စိတ်အားထက်သန်စွာ ချီတက်ခြင်း” အောင်ကျိုးရလဒ်များ ပြပွဲသို့ လည်ပတ်ကြည့်ရှု

(GMT+08:00)2022-09-28 10:59:07  

     တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခါနီးအချိန် ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပေကျင်းပြတိုက်၌ ကျင်းပသော “ခေတ်သစ်သို့ စိတ်အားထက်သန်စွာ ချီတက်ခြင်း” အောင်ကျိုးရလဒ်များ ပြပွဲသို့ လည်ပတ်ကြည့်ရှုခဲ့ပါသည်။

    ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ပါတီဗဟိုကော်မတီသည် တစ်ပါတီလုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ကြာရှည်သည့်ကာလအတွင်း မဖြေရှင်းနိုင်ခဲ့သည့် ခက်ခဲသော ပြဿနာများကို ဖြေရှင်းခဲ့ပြီး ရေရှည် အနာဂတ်ရေးနှင့် ပတ်သက်သော အရေးကြီး အကြောင်းကိစ္စ များစွာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်နှင့် သဘာဝ စသည့်ဘက်များမှ အန္တရာယ်၊ စိန်ခေါ်မှုနှင့် စမ်းသပ်မှုများကို ကျော်လွှားခဲ့ပြီး ပါတီနှင့် နိုင်ငံတော်၏လုပ်ငန်းများတွင် သမိုင်းဝင် အောင်မြင်မှုများ ရရှိ၍ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားကာ မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေး အတွက် ပိုမို ပြည့်စုံကောင်းမွန်သော စနစ်ဆိုင်ရာ အာမခံချက်များ၊ ပိုမို ခိုင်ခံ့သော ရုပ်ပိုင်း ဆိုင်ရာ အခြေခံနှင့် ပိုမို ထက်သန်သော စိတ်ပိုင်းဆိုင်ရာ အင်အားများကို ဖန်တီးပေးကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။