"Kunlong" AG600M သည် ရေစုပ်ရေဖြန်း စမ်းသပ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့

(GMT+08:00)2022-09-28 11:00:53  

၂၇ရက်နေ့က တရုတ်နိုင်ငံမှ ကိုယ်ပိုင်တီထွင်ထားသော "Kunlong" AG600M သည် မီးငြှိမ်းသတ်သည့် coating အသစ်ဖြင့် တရုတ်နိုင်ငံ ဟူပေပြည်နယ် ကျင်းမိန် မြို့ ကျန်းဟိုလေဆိပ်၌၁၂ တန် ရေစုပ်ရေဖြန်း စမ်းသပ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။

အကြီးစား မီးငြှိမ်းသတ် ကုန်းရေနှစ်သွယ်လေယာဉ်အဖြစ် AG600M တွင် မြေပြင်ရေသွင်းခြင်း၊ ရေမျက်နှာပြင်ပေါ်ရေစုပ်ခြင်း၊ ဆေးရောစပ်ခြင်းနှင့် ပုံစံအမျိုးမျိုးရှိသော ရေဖြန်းခြင်း စသည့် လုပ်ဆောင်ချက်များကို အကောင်အထည် ဖေါ်နိုင်သည့် ပြီးပြည့်စုံသော မီးသတ်မစ်ရှင်စနစ် တပ်ဆင်ထားပါသည်။