Donetsk အပါအဝင် ပြည်နယ် ၄ ခု ရုရှားနိုင်ငံတွင် ပါဝင်ရန် ဆန္ဒခံယူမှုရလဒ် ထုတ်ပြန်

(GMT+08:00)2022-09-28 13:38:58  

    ဒေသစံတော်ချိန် ၂၇ ရက်နေ့ ညနေပိုင်းက Donetsk၊ Luhansk၊ Zaporozhye၊ Kherson ပြည်နယ် ၄ ခုသည် ရုရှားနိုင်ငံတွင် ပါဝင်ရန် ပြည်သူ့ ဆန္ဒခံယူပွဲ တရားဝင် ပြီးစီးခဲ့ပါသည်။ ဒေသခံ ရွေးကောက်ပွဲ ကော်မရှင်က ၂၇ ရက်နေ့ညက ထုတ်ပြန်ခဲ့သည့် ရလဒ်အရ အဆိုပါ ပြည်နယ် ၄ခုမှ ရုရှားနိုင်ငံတွင် ပါဝင်ရန် ထောက်ခံမဲရရှိနှုန်းမှာ Donetskပြည်နယ်တွင် ၉၉.၂၃ရာခိုင်နှုန်း၊ Luhanskပြည်နယ်တွင် ၉၈.၄၂ ရာခိုင်နှုန်း၊ Zaporozhyeပြည်နယ်တွင် ၉၃.၁၁ ရာခိုင်နှုန်း၊ Khersonပြည်နယ်တွင် ၈၇.၀၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ယခုအကြိမ် မဲပေးပွဲတွင် အဆိုပါ ပြည်နယ် ၄ ခု၌ မဲပေးသူ အရေအတွက်သည် သတ်မှတ်ထားသည့် ၅၀ ရာခိုင်နှုန်းကို ကျော်လွန်သွားပြီဖြစ်၍ ဆန္ဒခံယူပွဲ၏ ရလဒ်သည် အကျိုးသက်ရောက်မှု ရှိသည်ဟု မှတ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။