နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းပြဿနာဖြေရှင်းရန် တရုတ်ဘက်မှ တောင်းဆို

(GMT+08:00)2022-09-28 13:36:49  

ယခုလ ၂၇ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ယူကရိန်းပြဿနာကို စစ်ဆေးရာ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ယူကရိန်းပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ကျန်းကျွင်းက ယူကရိန်းပြဿနာကို ရှုမြင်ပြီးဖြေရှင်းရာ၌ တရုတ်ပြည်၏ ရပ်တည်ချက် နှင့် ခံယူချက်မှာ အစဉ်တစိုက်ဖြစ်သကဲ့သို့ ရှင်းလင်းပြတ်သားကြောင်း၊ တရုတ်ပြည် အနေနှင့်  ငြိမ်းချမ်းရေးဘက်တွင် ရပ်တည်မြဲ ရပ်တည်ပြီး၊ ငြိမ်းချမ်းစွာစေ့စပ် ဆွေးနွေးရန် အားထုတ်ကြိုးပမ်းကာ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရသိရသည်။