ပါကစ္စတန်သည် နိုင်ငံ ၇၀ နီးပါးကို ကိုယ်စားပြုပြီး လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်၊ ယင်းသည် လူအများ၏ ရပ်တည်ချက် သဘောထားကို ရှင်းလင်းစွာ ဖေါ်ပြထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-09-28 11:00:01  

ပါကစ္စတန်သည် နိုင်ငံပေါင်း ၇၀နီးပါးကိုယ်စား လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ခြင်း အကြောင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လွန်ခဲ့သည့်နှစ်များ အတွင်း နိုင်ငံပေါင်း ၁၀၀နီးပါးသည် လူ့အခွင့်အရေးကောင်စီတွင် ၎င်းတို့၏ တရားမျှတသော အသံများကို စဉ်ဆက်မပြတ် ဖေါ်ပြခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် တရုတ်နိုင်ငံ၏ တရားနည်းလမ်းကျသောရပ်တည်မှုအပေါ် နားလည်ထောက်ခံမှုကို ဖော်ပြကြကြောင်း၊ အနောက်နိုင်ငံ တစ်ချို့က လူ့အခွင့်အရေးပြဿနာဟူသည်ကို အကြောင်းပြုပြီး တရုတ်နိုင်ငံကို တိုက်ခိုက် ပုတ်ခတ်ရန် ကြံစည်ချက်များ အကြိမ်ကြိမ် ဆုံးရှုံးသွားကြောင်း၊ ယင်းသည် လူအများ၏ ရပ်တည်ချက်သဘောထားကို ရှင်းရှင်းလင်းလင်း ပြသကြောင်း၊ အနောက်နိုင်ငံအချို့သည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် စံနှစ်မျိုးထားခြင်းနှင့် နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်မှုများကို လုပ်ဆောင်ပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အသုံးပြုပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ခြင်းဖြစ်ရပ်ကို နိုင်ငံတကာမှ အဖွဲ့ဝင်အများစုသည် စောစောကတည်းက ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားပါသည်။