ဆောင်းဦးရာသီတွင် ကြာစွယ်ကောက်ရန် အလုပ်များ

(GMT+08:00)2022-09-28 13:37:31  

ဆောင်းဦးရာသီတွင် ဟူနန်ပြည်နယ် ချန်ဆားမြို့ လူကျန်း လူနေမှုရပ်ကွက်တွင် စိုက်ပျိုးထားသည့် ကြာစွယ်များ ရိတ်သိမ်းမှု ကောင်းပြီး၊ လယ်သမားများသည် ကြာစွယ်ကောက်ခြင်း အလုပ်များကို ဆောင်ရွက်ကာ ဈေးကွက်အား ထောက်ပံ့ပေး နေကြသည်။ ယခုနှစ်များအတွင်း လူကျန်းရပ်ကွက်သည် ပထဝီအားသာချက်ကို အားကိုးအားထားပြီး၊ ဒေသအလိုက် သင့်တော်သည့်နည်းလမ်းဖြင့် ကြာစွယ်လုပ်ငန်းကို ဖွံ့ဖြိုး၍ ဒေသခံပြည်သူများ အလုပ်ရရန်နှင့် ဝင်ငွေတိုးရန်အတွက် ဆောင်ရွက် ခဲ့သည်ဟုChina Media Group မှ သတင်းအရသိရသည်။