ရှီကျင့်ဖိန်သည် “ပြန်လည်ရှင်သန်ရေး စာပေဗိမာန်”စာအုပ် အတွက် စကားချီးကို ရေးသား

(GMT+08:00)2022-09-27 17:36:35  

မကြာခင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထုတ်ဝေတော့မည့် “ပြန်လည်ရှင်သန်ရေး စာပေဗိမာန်”(“Fuxingwenku”)စာအုပ် အတွက် “ပြန်လည်ရှင်သန်ရေး လမ်းကြောင်းပေါ် ခိုင်မာ ပြတ်သားစွာ ချီတက်”ဟူသော ခေါင်းစဉ်ဖြင့် စကားချီးကို ရေးသားခဲ့ရာ “ပြန်လည်ရှင်သန်ရေး စာပေဗိမာန်”စာအုပ်ကို ရေးသားပြုစုခြင်းသည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ခွင့်ပြုပြီး ဖော်ဆောင်သည့် အရေးကြီး ယဉ်ကျေးမှု လုပ်ငန်းအစီအစဉ် ဖြစ်ကြောင်း၊ သမိုင်းမှ သင်ခန်းစာကို မှတ်ယူပြီး ပြန်လည်ရှင်သန်ရေး လမ်းကြောင်းပေါ်တွင် ခိုင်မာပြတ်သားစွာ ချီတက်သင့်ကြောင်း အလေးထား ဖော်ပြသည်။