စူပါတိုင်ဖုန်းမုန်တိုင်းNoruသည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်၊ နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

(GMT+08:00)2022-09-27 15:57:31  

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ဘာရာကန်ပြည်နယ် စန်မီကူလ်တွင် စူပါတိုင်ဖုန်းမုန်တိုင်း Noruကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါသည်။Noruသည် ၂၅ရက်နေ့ ညတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ခွမ်ဇုန် ပြည်နယ်သို့ ဝင်ရောက်သောကြောင့် မြို့တော် မနီလာ အပါအဝင် နေရာအများအပြားတွင် မိုးကြီးလေပြင်းများ ဖြစ်ပွားခဲ့သည်။