အမှတ် ၁၆ A စမ်းသပ်ရေးဂြိုဟ်တု၊ အမှတ် ၁၆ B စမ်းသပ်ရေးဂြိုဟ်တုနှင့် အမှတ် ၁၇ စမ်းသပ်ရေးဂြိုဟ်တုများကို တရုတ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-09-27 16:11:57  

စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၇နာရီ မိနစ်၅၀တွင် တရုတ်နိုင်ငံသည် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် Long March အမှတ်၆သယ်ဆောင်ရေးဒုံးပျံဖြင့် အမှတ် ၁၆ Aစမ်းသပ်ရေးဂြိုဟ်တု၊ အမှတ် ၁၆ Bစမ်းသပ်ရေးဂြိုဟ်တုနှင့် အမှတ် ၁၇ စမ်းသပ်ရေးဂြိုဟ်တုများကို လွှတ်တင်ခဲ့ပါသည်။ ၄င်းဂြိုဟ်တုများသည် သတ်မှတ်ထားသော လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက်လိုက်သည်ဟု China Media Group က ရေးသား ဖော်ပြပါသည်။