လူမရှိသောနေရာကို ဖြတ်သန်းသည့်ရထား

(GMT+08:00)2022-09-27 15:58:24  

ဒွန်းဟွမ် မီးရထားလမ်းသည် ချီလန်းတောင်တန်းများကို ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် တောင်များ၊ မြစ်များ၊ မြက်ခင်းများ၊ ရေကန်များနှင့် ဂိုဘီ သဲကန္တာရများ ရှိပါသည်။ ဤကဲ့သို့ မြေပြင်အနေအထား မျိုးစုံသော ရှုခင်းသည် ကမ္ဘာပေါ်တွင် ထူးခြားလှပါသည်။

ဒွန်းဟွမ် မီးရထားလမ်းသည် တရုတ်နိုင်ငံ ကန်စုပြည်နယ် ကျူချွမ်းမြို့နှင့် ချင်းဟိုင်ပြည်နယ် ဟိုင်ရှီး မွန်ဂိုးလူမျိုးနှင့် ဇန့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် တည်ရှိပြီး စုစုပေါင်း လမ်းအရှည် ၆၇၁ ကီလိုမီတာ ရှိပါသည်။