ပူတင်သည် စနိုးဒန်ကို ရုရှားနိုင်ငံသားအဖြစ် ပေးအပ်

(GMT+08:00)2022-09-27 16:02:43  

    ဒေသစံတော်ချိန် စက်တင်ဘာလ ၂၆ ရက်နေ့က ရုရှားသမ္မတ ပူတင်က သမ္မတအမိန့် လက်မှတ် ရေးထိုးပြီး အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာမှ ဝန်ထမ်းဟောင်း စနိုးဒန် အပါအဝင် ပုဂ္ဂိုလ်များအား ရုရှား နိုင်ငံသားအဖြစ် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသမ္မတအမိန့်ကို ရုရှားနိုင်ငံတော်တရားဥပဒေ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ပြီဖြစ်ပါသည်။ ပူတင်သည် စနိုးဒန်နှင့် တွေ့ဆုံရန် အစီအစဉ် မရှိကြောင်း ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းဝန် ပယ်စကိုဗှက ယမန်နေ့ ၂၆ ရက်နေ့က ဖော်ပြခဲ့ပါသည်။