ကန်သည် အကြီးဆုံး မဟုတ်မမှန်သတင်း ဖြန့်ချိသူ ဖြစ်ပြီး အခြားနိုင်ငံများကို သရုပ်ပျက်အောင် အဆက်မပြတ် လုပ်သည်ဟု တရုတ် ဆို

(GMT+08:00)2022-09-27 16:01:47  

အမေရိကန် Stanford တက္ကသိုလ် ဆိုက်ဘာနယ်ပယ် အကဲခတ်ရေးရုံးမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို တုံ့ပြန်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြီးခဲ့သည့်နှစ်ပေါင်းများစွာအတွင်း အမေရိကန်သည် လူမှုကွန်ရက်မီဒီယာတွင် တရုတ်၊ ရုရှားနှင့် အီရန် စသောနိုင်ငံများအား ရည်ရွယ်သော ကြီးမားသည့် ပြန်ကြားရေး ကွန်ရက်ကို ထူထောင်ခဲ့ကြောင်း၊ မဟုတ်မမှန်သောအကောင့်များကို ထားရှိခြင်း၊ တူညီသော အကြောင်းအရာများကို ဖြန့်ချိခြင်း၊ အကြောင်းအရာ ဖန်တီးပြုလုပ်ခြင်း စသော နည်းလမ်းများဖြင့် နိုင်ငံရေးဖြန့်ချိရေးနှင့် ကောလာဟလ သတင်းလွှင့်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြောင်း ၂၆ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန် လူအချို့က လုံလောက်သော ကောလာဟလများကို သတင်းလွှင့်ပါက သတင်းအချက်အလက်စစ်ပွဲကို အနိုင်ရရှိနိုင်မည်ဟု ယူဆကြသော်လည်း ကမ္ဘာ့လူထု၏ မျက်စိများသည် စူးရှထက်မြက်လှကြောင်း ဝမ်ဝင်ပင်က ပြောကြားပါသည်။