ကန်သည် စစ်မှန်သော ပိတ်ဆို့အရေးယူမှု စူပါနိုင်ငံကြီး ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2022-09-27 16:11:12  


စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် အမေရိကန်နိုင်ငံသည် စစ်မှန်သော ပိတ်ဆို့အရေးယူမှု စူပါနိုင်ငံကြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သက်ဆိုင်ရာစာရင်းကောက်ယူချက်အရ ၂၀၀၀ပြည့်နှစ်မှ ၂၀၂၁ခုနှစ်အထိ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားအပေါ် ပိတ်ဆို့အရေးယူမှု ၉၃၃ ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ယခုအထိ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၄၀ ခန့်အား စီးပွားရေးပိတ်ဆို့အရေးယူမှုကို ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး လူဦးရေတစ်ဝက်ခန့်ကို ထိခိုက်ပြီး ပြင်းထန်သော လူသားချင်း စာနာထောက်ထားမှု ဒုက္ခများကို ဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။