တရုတ်ပြည် Northwestern Polytechnical တက္ကသိုလ်ကို ကန်နိုင်ငံ NSAမှ ဆိုက်ဘာတိုက်ခိုက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ

(GMT+08:00)2022-09-27 16:06:41  

ယခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် တရုတ်ပြည် Northwestern Polytechnical တက္ကသိုလ်က ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိမိတက္ကသိုလ်ကျောင်းသည် နိုင်ငံခြား ဆိုက်ဘာ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဖော်ပြခဲ့ပြီး၊ ထို့နောက် ရှီးအန်းမြို့ ရဲဘက်သည် တရားဝင် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးကာ ယခုလ ၅ ရက်နေ့က Northwestern Polytechnical တက္ကသိုလ်က အမေရိကန် NSAမှ ဆိုက်ဘာ တိုက်ခိုက်မှု ခံရခြင်းဆိုင်ရာ ပထမဆုံး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယခုလ ၂၇ ရက်နေ့တွင် နည်းပညာအဖွဲ့သည် ၄င်းဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထပ်မံထုတ်ပြန်ခဲ့သည်။ ၄င်းအစီရင်ခံစာတွင် NSAလက်အောက်ခံ Office of Tailored Access Operations(TAO)သည် Northwestern Polytechnical တက္ကသိုလ်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာ၌ တရုတ်ပြည်၏ အခြေခံအဆောက်အအုံဆိုင်ရာ အော်ပရေတာများ၏ ပင်မ ဒေတာ ကွန်ရက်သို့ အဝေးမှ ဝင်ရောက်သော "တရားဝင်"လမ်းကြောင်းကို တည်ဆောက်ပြီး တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံများအပေါ် ထိုးဖောက်စိမ့်ဝင်မှုနှင့် ထိန်းချုပ်မှုကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။