ရုရှား Udmurtia သမ္မတနိုင်ငံသည် စာသင်ကျောင်းသေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအခမ်းအနား ကျင်းပမည်

(GMT+08:00)2022-09-27 16:00:39  

ရုရှားနိုင်ငံ Udmurtia သမ္မတနိုင်ငံခေါင်းဆောင်က ယနေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ၄င်းဒေသသည် ၂၆ရက်နေ့ စာသင်ကျောင်းပစ်ခတ်မှုတွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း၂၆ရက်နေ့က ပြောကြားခဲ့သည်။ ထို့အပြင် ရုရှား ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးကော်မတီနှင့် ရုရှားUdmurtia သမ္မတနိုင်ငံ၏ ပြည်ထဲရေး ဝန်ကြီးဌာနတို့က သေနတ်ပစ်ခတ်သူသည် မိမိကိုယ်ကို သတ်သေ ခဲ့ကြောင်း ပြောကြားခဲ့သည်။