စက်တင်ဘာလ ၂၅ ရက်နေ့က ကျန်းရှီးပြည်နယ် နန်ချမ်းမြို့ ကန့်ကျန်းမြစ်၏ မြစ်ကြမ်းပြင်သည် ကျယ်ပြန့်စွာ ဟင်းလင်းပေါ်လာပြီး ကွဲအက်လာကာ မြို့သူမြို့သား များသည် မြစ်ကြမ်းပြင်ပေါ်တွင် ကစားနေကြသည်။ ဇူလိုင်လ ၁၂ရက်နေ့မှစ၍ ကျန်းရှီး ပြည်နယ် အချို့ ဒေသ၌ ပြင်းထန်စွာ မိုးခေါင်ရေရှားလာပြီး ယခုအထိ ရက်ပေါင်း ၇၀ ကျော် ရှိနေပါပြီ။ ပြည်နယ်လက်အောက်ရှိ ခရိုင်များ၏ ၉၄.၆ ရာခိုင်နှုန်း၌ အလွန့်အလွန် ပြင်းထန်ဆိုးဝါးစွာ မိုးခေါင်ရေရှားမှုဖြစ်ခဲ့ရပါသည်။













