ဂျာမဏီဝန်ကြီးချုပ်သည် ကာတာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုကို ကာတာသမ္မတနှင့် ဆွေးနွေး

(GMT+08:00)2022-09-26 15:39:05  

ယမန်နေ့ ၂၅ ရက်နေ့ညက ကာတာနိုင်ငံ Emir(ထိပ်သီးခေါင်းဆောင်) တာမီမူသည် အလည်အပတ်ရောက်ရှိနေသော ဂျာမဏီဝန်ကြီးချုပ် ရှုလ်ဇီနှင့် တွေ့ဆုံဆွေးနွေးပြီး ကာတာနိုင်ငံက ဂျာမဏီနိုင်ငံသို့ သဘာဝဓါတ်ငွေ့ တင်ပို့မှု တိုးချဲ့ရေး စသည့် အရေးကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

တွေ့ဆုံပွဲအပြီး ကျင်းပခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တာမီမူက နှစ်နိုင်ငံမှ စွမ်းအင် ကုမ္ပဏီများသည် စွမ်းအင်နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းများကို ရှာဖွေနေကြောင်း ဖော်ပြပါသည်။ ရှုလ်ဇီက ကာတာနိုင်ငံမှ သဘာဝဓါတ်ငွေ့ တင်သွင်းရေးနယ်ပယ်တွင် တိုးတက်မှု ရရှိနိုင်ရန်နှင့်  နှစ်နိုင်ငံအကြား လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၊ လေကြောင်း၊ နည်းပညာသစ် ဖော်ထုတ်ရေးနှင့် အကြီးစားစက်ကိရိယာများ ထုတ်လုပ်ရေး စသည့် နယ်ပယ်များတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဂျာမဏီက မျှော်လင့်ကြောင်း ဖော်ပြပါသည်။