တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အတွက် ကိုယ်စားလှယ်အားလုံးကို ရွေးချယ်တင်မြှောက်ပြီးဖြစ်သည်

(GMT+08:00)2022-09-26 11:27:33  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ အတွက် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းလုပ်ငန်း ချောမောစွာ ပြီးမြောက်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲဆိုင်ရာ ဌာနအသီးသီးတို့သည် ပါတီကိုယ်စားလှယ်များ ညီလာခံ သို့မဟုတ် ပါတီကိုယ်စားလှယ်များအစည်းအဝေးကိုကျင်းပပြီး အကြိမ်၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံအတွက် ကိုယ်စားလှယ် ၂၂၉၆ ဦးကို ရွေးချယ် ထားခဲ့ပါသည်။