မြေကြီးပေါ်တွင် ရေးဆွဲသည့် အကြီးစား သီးထွက်ကောင်းစပါးပန်းချီကားများ

(GMT+08:00)2022-09-26 11:29:57  

စက်တင်ဘာလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ စိချွမ်းပြည်နယ် ချင်တူးမြို့ရှိ တရုတ် လယ်သမားများ သီးထွက်ကောင်းပွဲတော်၏ အဓိက ကျင်းပရာနေရာဖြစ်သည့် တရုတ် Tianfu လယ်ယာစိုက်ပျိုးရေးကုန်စည်ပြပွဲဥယျာဉ်၌ စပါးခင်းများသည် စပါးလှိုင်းကဲ့သို့ မပြတ်မလပ်ဘဲ ဆက်စပ်ပြီး စပါးနှံများ ရွှေဝါရောင်ဖြစ်ကာ ရင့်မှည့်လာခဲ့ပါသည်။ ကောင်းကင်မှကြည့်လျှင် အစိမ်းရောင် မြေကြီးပေါ်တွင် အကြီးစားပြောင်းဖူး၊ ပဲတောင့်၊ ငရုတ်သီးနှင့် ရွှေဖရုံသီးပုံစံ စပါးပန်းချီကားများကို တွေ့မြင်နိုင်ပါသည်။