ဒီမိုကရက်အများစုသည် ၂၀၂၄ ရွေးကောက်ပွဲတွင် ဘိုင်ဒင်ကို မပါဝင်စေချင်

(GMT+08:00)2022-09-26 11:27:57  

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့က The Hill သတင်းစာမှ သတင်းအရ လန်ဂယ် သုတေသနအသင်းမှ စစ်တမ်းအသစ်တစ်ခုတွင် ဒီမိုကရက်များနှင့် ဒီမိုကရက် ထောက်ခံသူများ ၃၅ရာခိုင်နှုန်းကသာ ဘိုင်ဒင်ကို ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ရန် မျှော်လင့်ပြီး ၅၆ ရာခိုင်နှုန်းသောဒီမိုကရက်များသည် ဒီမိုကရက်တစ်ပါတီအား အခြားသမ္မတလောင်းကို ရွေးချယ်စေလိုကြောင်း ဖေါ်ပြပါသည်။

ထို့အပြင် စစ်တမ်းတွင် ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက ဘိုင်ဒင်၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနည်းကို မနှစ်သက်ကြောင်း၊ နှစ်သက်သူ အချိုးအစားမှာ ၃၆ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။