အာဖဂန်မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံး

(GMT+08:00)2022-09-26 15:31:59  

အာဖဂန် မြောက်ပိုင်းရှိ ပါတာဟ်ရှမ် ပြည်နယ်တွင် ယခုလ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် အရာရှိတစ်ဦးက‌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဗုံးပေါက်ကွဲမှုမှာ ပါတာဟ်ရှမ်ပြည်နယ် ဖာဇာပါတယ် မြို့တော်တွင် ဖြစ်ပွားခဲ့ပြီး အာဖဂန်လုံခြုံရေး ဝန်ထမ်းများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပါတာဟ်ရှမ် ပြည်နယ် ယဉ်ကျေးမှုနှင့်သတင်းအချက်အလက်ဌာနမှ တာဝန်ရှိသူ အယ်ဟာမယ်ဒီက ၂၅ ရက်နေ့က ပြောကြားခဲ့သည်။