အားပြင်း တိုင်ဖုန်းမုန်တိုင်း Noruသည် ဖိလစ်ပိုင်သို့ ဝင်ရောက်

(GMT+08:00)2022-09-26 11:27:04  

   အားပြင်းသော တိုင်ဖုန်းမုန်တိုင်း Noruသည် စက်တင်ဘာလ ၂၅ ရက်နေ့က ဖိလစ်ပိုင် မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး မြို့တော် မနီလာ အပါအဝင် ဒေသများစွာ၌ မိုးကြီးလေပြင်းများ ဖြစ်ပွားခဲ့သည်။

   ဖိလစ်ပိုင် လေထု၊ ပထဝီရူပဗေဒနှင့် နက္ခတ္တဗေဒ ဦးစီးဌာနက ၂၅ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် တိုင်ဖုန်းမုန်တိုင်း Noru ၏ ဗဟိုချက်မ လေအားသည် တစ်နာရီလျှင် ၁၉၆ ကီလိုမီတာ အထိပြင်းထန်လာခဲ့ကြောင်း၊ ဖိလစ်ပိုင်တွင် ပြည်နယ် အနည်းဆုံး ၆ ခုသည် ပဉ္စမအဆင့် ဖြစ်သည့် အဆင့်အမြင့်ဆုံး တိုင်ဖုန်းမုန်တိုင်း သတိပေးချက်ကို ထုတ်ပြန်ထားပြီ ဖြစ်ပြီး မနီလာမြို့သည် ၂၆ ရက်နေ့တွင် အစိုးရ ဌာနများနှင့် စာသင်ကျောင်းများ ယာယီ ပိတ်ထားရန်လည်း ကြေညာခဲ့ကြောင်း ဖေါ်ပြခဲ့ပါသည်။