“သေနတ် အခြေပြစာချုပ်” အတည်ပြုရေးဆိုင်ရာ ပြည်တွင်း ဥပဒေ အစီအစဉ်များကို တရုတ်နိုင်ငံက စတင် ဆောင်ရွက်ပြီဟု ဝမ်ယိ ကြေညာ

(GMT+08:00)2022-09-26 11:26:31  

    စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ယေဘုယျ အချေအတင် ဆွေးနွေးပွဲ တက်ရောက်စဉ် မိန့်ခွန်းပြောကြားရာတွင် “သေနတ် အခြေပြစာချုပ်” အတည်ပြုရေးဆိုင်ရာ ပြည်တွင်း ဥပဒေ အစီအစဉ်များကို တရုတ်နိုင်ငံက စတင် ဆောင်ရွက်ပြီ ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကမ်းလှမ်းချက်ကို တက်ကြွစွာ အကောင်အထည် ဖေါ်ဆောင်ရေးနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အရေးကြီးသည့် အပြုသဘောဆောင်သော ဆောင်ရွက်မှု ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဘက်ပေါင်းစုံဝါဒကို ထောက်ခံရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ် ဖေါ်ဆောင်ရန် သန္နိဋ္ဌာန်ကို ပြသနေကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

    “သေနတ် အခြေပြစာချုပ်” ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ၁၉၉၈ ခုနှစ်က ကုလသမဂ္ဂ မူဘောင်အတွင်း စတင် ပြုလုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ် မေလက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယင်းစာချုပ်ကို အတည်ပြု၍ ၂၀၀၅ ခုနှစ် ဇွန်လတွင် စတင် အာဏာ တည်ကာ ယခုအချိန်တွင် စာချုပ်ဝင်နိုင်ငံ ၁၂၂ နိုင်ငံ ရှိသည်ဟု သိရပါသည်။