ပြီးခဲ့သည့်ညက တောင်ကိုရီးယား ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲခဲ့ သောကြောင့် တရုတ်အမျိုးသား ကပ္ပတိန်တစ်ဦး သေဆုံး

(GMT+08:00)2022-09-26 15:50:34  

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၀မိနစ်က တောင်ကိုရီးယားနိုင်ငံ Incheon ဆိပ်ကမ်း အတွင်းပိုင်း၌ ရပ်နားထားသော တန်ချိန် ၆၃၀၀ ရှိသည့် Belize နိုင်ငံ ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အသက် ၄၂နှစ် အရွယ်ရှိသော တရုတ်အမျိုးသား ကပ္ပတိန် သေဆုံးပြီး သင်္ဘော ပျက်စီးမှု ဖြစ်ခဲ့ရပါသည်။ ပေါက်ကွဲမှုဖြစ်ပွားရာ၌ ယင်းကုန်တင်သင်္ဘောပေါ်တွင် ကပ္ပတိန် အပါအဝင် လူ ၁၄ဦး ရှိပြီး ၄င်းတို့အနက် တရုတ်အမျိုးသား ၄ဦး၊ မြန်မာအမျိုးသား ၉ဦးနှင့် ဗီယက်နမ်အမျိုးသား ၁ဦး ပါဝင်သည်ဟု တောင်ကိုရီးယားYonhap သတင်းဌာနမှ သတင်းအရ သိရပါသည်။