ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လှေတစ်စင်း တိမ်းမှောက်သောကြောင့် အနည်းဆုံး လူ၂၄ဦး သေဆုံး

(GMT+08:00)2022-09-26 15:34:19  

စက်တင်ဘာလ ၂၅ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုငံ ဘန်ကြာဂိုလ် ဒေသ  ကိုရိုဒိုယာ မြစ်ပေါ်တွင် လူပေါင်း ၁၀၀ခန့် တင်ဆောင်ထားသော လှေတစ်စင်း တိမ်းမှောက် ခဲ့သောကြောင့် လက်ရှိအချိန်တွင် အနည်းဆုံး လူ၂၄ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဘန်ကြာဂိုလ် ရဲဘက်မှ အရာရှိ စီရာက်ျ ဟူဒါက လှေသည် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီခွဲခန့်တွင် ဘုရားကျောင်းသို့ သွားသည့် လမ်းကြောင်းတွင် တိမ်းမှောက် သွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူ ၂၄ဦး၏ အလောင်းများကို တွေ့ရှိပြီး ၁၀ဦးကျော် ပျောက်ဆုံးနေသေးကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလှေ မတော်တဆမှု ဖြစ်စေသော အဓိက အကြောင်းရင်းသည် ၀န် ပိုတင်ခြင်းကြောင့် ဖြစ်ပါသည်။