ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရန် ဆန့်ကျင်ကြောင်း ဂျပန်ပြည်သူလူထု ဖော်ပြ

(GMT+08:00)2022-09-26 12:20:00  

စက်တင်ဘာလ ၂၅ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လူများသည် ပိုစတာများ ကိုင်ပြီး ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပမည့်အပေါ် ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် လွန်ခဲ့သည့် ဇူလိုင်လက လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး ၄င်းအတွက် နိုင်ငံတော်ဈာပန အခမ်းအနားကို မကြာမီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဆန္ဒပြသူများသည် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမည့် ၄င်းဈာပနအခမ်းအနားကို ကျင်းပမည့်အပေါ် ဆန့်ကျင်ကြသည်ဟု မီဒီယာများက ရေးသားဖော်ပြခဲ့ကြပါသည်။ ဝေဖန်သူများက ရှင်ဇိုအာဘေး၏ နိုင်ငံရေးလုပ်ငန်းအောင်မြင်မှုမှာ အငြင်းပွားဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့ကြပါသည်။

ဒေသခံစစ်တမ်းကောက်ယူမှုရလဒ်အရ ရာခိုင်နှုန်း၆၀ကျော် စစ်တမ်းကောက်ယူမှု ခံရသူများသည် ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရန် ဆန့်ကျင်ကြပါသည်။