စမ်းသပ်အမှတ် ၁၄နှင့် စမ်းသပ်အမှတ် ၁၅ ဂြိုဟ်တုကို တရုတ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-09-25 12:18:04  

ယခုလ ၂၅ရက်နေ့ နံနက် ၆နာရီ ၅၅မိနစ် အချိန်တွင် တရုတ်နိုင်ငံသည် ထိုက်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ ခွိုက်ကျိုး အမှတ် ၁(က) သယ်ဆောင်ဒုံးပျံဖြင့် စမ်းသပ်အမှတ် ၁၄နှင့် စမ်းသပ်အမှတ် ၁၅ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ပြီး ဂြိုဟ်တု ၂လုံးသည် ကြိုတင် သတ်မှတ်ထားသည့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

စမ်းသပ်ဂြိုဟ်တု အမှတ် ၁၄ကို သိပ္ပံပညာစမ်းသပ်မှု၊ နည်းပညာသစ်ကို စမ်းသပ်စစ်ဆေး အတည်ပြုခြင်း အပါအဝင် နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုပြီး စမ်းသပ်ဂြိုဟ်တု အမှတ် ၁၅ကို မြေယာသန်းခေါင်စာရင်းကောက်ယူခြင်း၊ မြို့ပြစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး စသည့် နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။