ကနေဒါသည် မုန်တိုင်းကို ရင်ဆိုင်ရန် ဒေသသို့ တပ်ဖွဲ့များ စေလွှတ်မည်

(GMT+08:00)2022-09-25 12:16:40  

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကနေဒါဝန်ကြီးချုပ် Justin Trudeau က သတင်းစာရှင်းလင်းပွဲကို ကျင်းပရာတွင် မုန်တိုင်း Fiona ကြောင့် ပျက်စီးသွားသည့် Nova Scotia ပြည်နယ် ပြန်လည်ကောင်းမွန်လာနိုင်အောင် ကူညီပံ့ပိုးရန် ကနေဒါတပ်ဖွဲ့များကို ၄င်းပြည်နယ်သို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Justin Trudeau က ၄င်းသည် ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပနကို တက်ရောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။