၂၀၂၂ ခုနှစ် “လန်ချမ်း-မဲခေါင် ကလေးလူငယ်များ မြစိမ်းရောင် နေထိုင်မှု ပုံစံ” လှုပ်ရှားမှု စတင်

(GMT+08:00)2022-09-25 12:11:33  

စက်တင်ဘာလ ၂၃ ရက်နေ့က ၂၀၂၂ခုနှစ် “လန်ချမ်း-မဲခေါင် ကလေးလူငယ်များ မြစိမ်းရောင် နေထိုင်မှု ပုံစံ” လှုပ်ရှားမှု(2022 “Green Lifestyle for Children in Lancang-Mekong Countries” Activity)ကို ပီကင်းတွင် စတင်ခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုသည် အမြင်အနုပညာလက်ရာများ စုစည်းခြင်း၊ ဆရာ၊ဆရာမများ လေ့ကျင့်မွမ်းမံခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းနှင့် ကျောင်းသူ ကျောင်းသားများ ဆွေးနွေးဖလှယ်ခြင်း စသောလှုပ်ရှားမှုများဖြင့် လန်ချမ်း-မဲခေါင် ကလေးလူငယ်များ အတွက် သဘာဝ ပတ်ဝန်းကျင် ပညာရေး အတွေ့အကြုံနှင့် ဆောင်ရွက်ချက်များကို မျှဝေပြီး လန်ချမ်း-မဲခေါင် ကလေးလူငယ်များ အကြားရှိ ချစ်ကြည်ရေးကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။