ယခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၂ သိန်း ၂သောင်း ၅ ထောင်ကျော် သေဆုံးခဲ့ပြီ

(GMT+08:00)2022-09-25 12:09:59  

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာမှ စာရင်းအရ ၂၀၂၂ ခုနှစ် အစဦးပိုင်းမှစ၍ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၂ သိန်း ၂သောင်း ၅ ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်ဟု ABCသတင်းဌာနက ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာမှ ဒါရိုက်တာချုပ် ဝါလွင်စ် က အင်တာဗျူးကို လက်ခံရာတွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် မြင့်လွန်းနေသေးသည်ဟု ဖော်ပြခဲ့ပါသည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၂၅၀၀ နီးပါး သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် သေဆုံးသူ ၃၅၀ ကျော် ရှိဆဲဖြစ်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာမှ စာရင်းအရ သိရပါသည်။