ရာဇ၀တ်မှုနှုန်း မြင့်တက်လာသောကြောင့် ဟူစတန်တွင် ကျင်းပသော အသတ်ခံရ သူများအား ဂုဏ်ပြုပွဲ၌ အသတ်ခံရသူများ အမည်ဖတ်ပေးခြင်းအစီအစဉ်ကို ဖျက်သိမ်း

(GMT+08:00)2022-09-25 12:14:49  

၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၂ခုနှစ် သြဂုတ်လအတွင်း အမေရိကန်နိုင်ငံ ဟာရီစ် (Harris)ခရိုင်တွင် အသတ်ခံရသူများအား ဂုဏ်ပြုရန် အမေရိကန်နိုင်ငံရှိ အသတ်ခံရသူအချို့၏ ဆွေမျိုးများသည် ဒေသ စံတော်ချိန် ယခုလ ၂၅ရက်နေ့တွင် ဟူစတန်မြို့သို့ စုဝေးပြီး “ရာဇဝတ်မှုရပ်”ခေါင်းစဉ်ဖြင့် လှုပ်ရှားမှု နှစ်ပတ်လည်ပွဲကို ပါဝင်ကြမည် ဖြစ်သည်။ ပွဲစီစဉ်သူက “အသတ်ခံရသူများ၏ နာမည် များလွန်းသောကြောင့် အသံထွက် ဖတ်ပေးရန် နာရီနှင့်ချီ ကြာမည်ဟု ပြောခဲ့သည်။

ဟူစတန် ရဲဌာနက စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ ယခုနှစ်တွင် တက္ကဆက်၏ အကြီးဆုံးမြို့ ဖြစ်သည့် ဟူစတန်မြို့၌ လူသတ်မှု ၃၂၃မှု ရှိကြောင်း၊ ၂၀၂၁ခုနှစ် တစ်နှစ်လုံးတွင် ဟူစတန်မြို့၌ လူသတ်မှုပေါင်း ၄၇၃ မှု ရှိပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၂၁၂မှု ပိုများခဲ့ကြောင်း ပြောကြားခဲ့ပါသည်။