ဆီးရီးယား ပင်လယ်ရပ်ဝန်းဒေသ၌ ဖြစ်ပွားသည့် သင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသူ ၈၆ဦးထိ တိုးလာ

(GMT+08:00)2022-09-25 12:08:35  

၂၂ ရက်နေ့က ဆီးရီးယား ပင်လယ်ရပ်ဝန်းဒေသ၌ ဖြစ်ပွားခဲ့သည့် သင်္ဘောတိမ်းမှောက်မှုကြောင့် လက်ရှိအထိ သေဆုံးသူ ဦးရေမှာ ၈၆ဦး ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ကာ သေဆုံးသူဦးရေ တိုးလာမည်ဖြစ်ကြောင်း ဆီးရီးယား အမျိုးသား ရုပ်မြင်သံကြား ဌာနက ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားချိန်တွင် ယင်းသင်္ဘောတွင် မတူသောနိုင်ငံများမှ ခရီးသည် ၁၂၀ မှ ၁၅၀ ဦးအထိ သယ်ဆောင်ထားပြီး ၄င်းတို့အများစုသည် ဆီးရီးယား၊ လက်ဘနွန်နှင့် ပါလက်စတိုင်း နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပါသည်။