ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် တွေ့ဆုံ

(GMT+08:00)2022-09-24 14:26:30  

ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးစိုက်ရာနေရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ဝမ်ယိက လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံမှုသည် ထိခိုက်မှု ပြင်းထန်စွာ ခံနေရပြီး အမေရိကန်ဘက်အနေနှင့် သင်ခန်းစာမှတ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်ယိက ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်တွင်းရေးကိစ္စဖြစ်ပြီး၊ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းရေးတွင် အမေရိကန်မှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။